Gallery Image
Event Management ကို လေ့လာခြင်းကြောင့် လုပ်ငန်းခွင်ရရှိနိုင်မည့် အကျိုးကျေးဇူးများ

Event Management ဆိုတာ Event Planning နယ်ပယ်ကသူတွေသာမက လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်၊ working professional တွေပဲဖြစ်ဖြစ် လေ့လာထားသင့်တဲ့ ပညာရပ်တစ်ခုပါ။

မိမိရဲ့ ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ မိမိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် Event တွေ ကျင်းပတဲ့အခါ၊ Event တွေမှာ ပါဝင်တဲ့အခါ Event Management ပိုင်း ကျွမ်းကျင်မှုတွေကို အသုံးချနိုင်သလို လုပ်ငန်းခွင်နဲ့ Career လမ်းကြောင်းရဲ့ အခြားကဏ္ဍတွေမှာလည်း Event Management ပိုင်းကို လေ့လာသင်ယူတာကနေ ရရှိထားတဲ့ Skill တွေကို အခုလိုပဲ ပြန်အသုံးချနိုင်ပါတယ်။

🔹 Communication Skill

Event တွေကို အကောင်းစီမံခန့်ခွဲပြီး ကျင်းပနိုင်ဖို့ လေ့လာသင်ယူတဲ့အခါ Communication Skill တိုးတက်ဖို့ကိုပါ တစ်ပါတည်း လေ့လာရပါတယ်။ stakeholder တွေအားလုံးနဲ့ အကောင်းဆုံး ဆက်သွယ်ညှိနှိုင်းနိုင်မယ့် နည်းလမ်းတွေ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်သွယ်သင့်တယ်၊ ဘယ်လိုနည်းနာတွေ ချဉ်းကပ်သင့်တယ်ဆိုတာတွေကို သိရှိလာနိုင်မှာဖြစ်တာကြောင့် Event ပိုင်းတင်မဟုတ်ဘဲ လုပ်ငန်းခွင်မှာလည်း အထက်လူကြီး၊ Management Team ၊ Client ၊ မိမိရဲ့ Team စသဖြင့် stakeholder မျိုးစုံနဲ့ အဆင်ပြေချောမွေ့တဲ့ communication နည်းလမ်းတွေ တည်ဆောက်ပြီး ကောင်းမွန်တဲ့ relationship ကို ထိန်းသိမ်းထားနိုင်မှာပါ။

🔹 Planning & Coordination Skills

Event တွေဟာ အများအားဖြင့် ကျင်းပမယ့်ရက်တစ်ခု ကြိုတင်သတ်မှတ်ထားကြလေ့ရှိပါတယ်။ ဒါကြောင့် Event Management မှာဆိုရင် သတ်မှတ်ထားတဲ့ Deadline အမီ အရာရာ နေရာတကျဖြစ်နေအောင်၊ ပွဲနေ့မှာ အဆင်ပြေနေအောင် ကြိုတင်စီစဉ်တတ်ဖို့၊ အဖွဲ့ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်တတ်ဖို့ဆိုတဲ့ (Planning & Coordination) ကို အသေးစိတ် သင်ယူရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာဆိုရင်လည်း Deadline တွေသတ်မှတ်ထားတဲ့ အလုပ်တွေ၊ တာဝန်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် ကြိုတင်စီမံပြီး ပူးပေါင်းဆောင်ရွက်တတ်လာမှာ ဖြစ်ပါတယ်။

🔹 Budgeting & Financial Management Skills

Event Management ကို လေ့လာတဲ့အခါ ပွဲတွေကို သတ်မှတ်ထားတဲ့ Budget အတွင်းဝင်အောင်၊ အကျိုးအမြတ်ရရှိအောင် ငွေကြေးသုံးစွဲမှုတွေကို ဘယ်လိုမျိုး အကောင်းဆုံး စီမံခန့်ခွဲရမယ်ဆိုတာကိုလည်း တစ်ပါတည်း သင်ယူရပါတယ်။ Budgeting & Financial Management Skills တွေကို လုပ်ငန်းခွင်မှာလည်း Budget တစ်ခုသတ်မှတ်ပြီး လုပ်ဆောင်ရတဲ့ တာဝန်တွေ၊ အလုပ်တွေမှာ ပြန်လည်အသုံးချနိုင်သလို မိမိရဲ့ personal life မှာပါ ငွေကြေးစီမံခန့်ခွဲမှုအတွက် အသုံးချနိုင်ပါသေးတယ်။

Event Management ပိုင်းဟာ ကျယ်ပြန့်တဲ့ ပညာရပ်နယ်ပယ်တစ်ခု ဖြစ်တာကြောင့် အထက်ပါ skill တွေအပြင် အခြားသော ကျွမ်းကျင်မှုမျိုးစုံကိုလည်း ရရှိနိုင်သလို မိမိရဲ့လုပ်ငန်းခွင်၊ Career လမ်းကြောင်းတွေမှာ အကောင်းဆုံး ပြန်လည်အသုံးချနိုင်ပါတယ်။

Event Management ကို လေ့လာခြင်းကြောင့် လုပ်ငန်းခွင်ရရှိနိုင်မည့် အကျိုးကျေးဇူးများ


Click on the buttons to change the grid view.



Gallery Image