Gallery Image
ယနေ့ခေတ်ရဲ့ နေ့စဉ်ဘဝမှာ ထဲထဲဝင်ဝင် ရောက်ရှိနေပြီဖြစ်တဲ့ လက်တွေ့အသုံးချ IT ပညာရပ် Cloud Computing

Cloud Computing ဆိုတာ အချက်အလက်တွေ သိမ်းဆည်းတာ၊ Network ချိတ်ဆက်တာနဲ့ Software အသုံးပြုမှုတွေကို အင်တာနက်ပေါ်မှာ အခြေတည်ထားတဲ့ Hosted Service တွေပေါ်မှာ လုပ်ဆောင်ခြင်းကို ဆိုလိုတာပါ။ အချက်အလက်တွေကို အကောင်အထည်ရှိတဲ့ Physical Server တွေပေါ်မှာ ထည့်သွင်းအထိုင်ချပြီး ၎င်းအချက်အလက်တွေကို Cloud Service Provider (Cloud Service ဝန်ဆောင်မှုပေးသူ) ကနေ ထိန်းသိမ်းစီမံပေးပါတယ်။ 

အကျိုးကျေးဇူးကတော့ မိမိလိုအပ်တဲ့ အချက်အလက်တွေကို သိမ်းဆည်းဖို့၊ လိုအပ်လုပ်ငန်းလုပ်ဆောင်မှုတွေ၊ တွက်ချက်မှုတွေကို လုပ်ဆောင်ဖို့ မိမိရဲ့ ကိုယ်ပိုင် ကွန်ပျူတာ Storage ၊ Computing Power တွေကို မလိုအပ်တော့ဘဲ ကိုယ်အလုပ်လုပ်ချင်တဲ့အချိန်၊ Data တွေ သိမ်းဆည်း၊ ရယူလိုတဲ့အချိန်တွေမှာ အွန်လိုင်း Cloud ပေါ်ကနေ လှမ်းသုံးလို့ ရသွားခြင်းပါ။ 

တစ်နည်းအားဖြင့် အင်တာနက်ကို အသုံးပြုနိုင်တဲ့ အခြေအနေရှိရုံ (Internet Access ရှိရုံ) နဲ့ ဘယ်နေရာ၊ ဘယ်အချိန်ကနေမဆို Data တွေ သိမ်းဆည်း၊ ရယူရတာ၊ လုပ်ငန်းတွေ၊ တွက်ချက်မှုတွေကို လုပ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ 

ဥပမာ - ကိုယ့်ရဲ့ အရေးကြီး Data တွေကို ကိုယ်ပိုင် Computer ပေါ်မှာပဲ သိမ်းဆည်းထားတဲ့အခါ ၎င်း Data တွေကို လိုအပ်တဲ့အခါ သုံးဖို့ဆိုရင် ကိုယ့်ရဲ့ Computer ကို အမြဲဆောင်သွားဖို့ လိုပေမယ့် Cloud Service တစ်ခုခုပေါ်မှာ သိမ်းဆည်းထားမယ်ဆိုရင်တော့ အင်တာနက် သုံးလို့ရတယ်ဆိုရုံနဲ့ ၎င်း Data တွေကို Cloud Service ပေါ်ကနေ လှမ်းပြီးသုံးလို့ရမယ့် သဘောမျိုးပါ။ ယနေ့ လူအများစု သုံးစွဲနေကြတဲ့ Dropbox ၊ Google Drive စတဲ့ Service တွေဟာ Cloud Computing ကို အခြေခံထားပါတယ်။

✅ လုပ်ငန်း၊ အဖွဲ့အစည်းအစုံမှာ အသုံးပြုမှု ပိုမိုများပြားလာနိုင်ခြင်း 

ကုန်ကျစရိတ်သက်သာခြင်း၊ အသုံးပြုရလွယ်ကူခြင်းတို့ကြောင့် အနာဂတ်မှာ လုပ်ငန်းကြီးတွေတင်မကပဲ လုပ်ငန်းအလတ်စား၊ အသေးစားတွေ၊ Startup တွေပါ Cloud Computing ၊ Cloud Service တွေကို ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပါတယ်။ 

✅ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်နဲ့ လုပ်ငန်းလည်ပတ်မှုပုံစံရဲ့ အကျိုးသက်ရောက်မှု

ကမ္ဘာအနှံ့ကူးလူးဆက်သွယ်မှုတွေ ပိုမိုများလာသလို လုပ်ငန်းဆောင်တာတွေကို တစ်နေရာတည်းမှာ စုပြီးလုပ်တာမျိုးအပြင် နိုင်ငံစုံက Professional တွေ ပူးပေါင်းချိတ်ဆက်ပြီး လုပ်ဆောင်လာကြတဲ့ Work-from-home ၊ Remote Working အလေ့အထတွေ တွင်ကျယ်လာတာနဲ့အမျှ Cloud Computing ကို ပိုပြီး လိုအပ်လာကြဦးမှာပါ။ 

  • AI ကို အသုံးပြုလို့မရတဲ့ အလုပ်အမျိုးစားက ဘာဖြစ်မလဲ?
  • လုပ်ငန်းခွင်နဲ့ပတ်သတ်ပြီးဆက်စပ်မှုရှိတဲ့ ပညာရပ်တွေကို လေ့လာချင်တာကြောင့် တက်ရောက်ခဲ့သော 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻
  • စီးပွားရေးတစ်ခုလုံးရဲ့ အဓိကသဘောတရားတွေကို အပြည့်အဝနားလည်နိုင်တဲ့ 𝐌𝐢𝐧𝐢 𝐌𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦
  • လေထုညစ်ညမ်းမှု မြင့်တက်နေတဲ့အခါ ကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့ အချက်များ
  • Event Management ကို လေ့လာခြင်းကြောင့် လုပ်ငန်းခွင်ရရှိနိုင်မည့် အကျိုးကျေးဇူးများ
  • MIBA OTHM (UK) ရန်ကုန်မှ ကျောင်းသားကျောင်းသူများရဲ့ စုပေါင်းတွေ့ဆုံခြင်း အထိမ်းအမှတ်နှင့် အားကစားလှုပ်ရှားမှု့ များ
  • ယနေ့ခေတ်ရဲ့ နေ့စဉ်ဘဝမှာ ထဲထဲဝင်ဝင် ရောက်ရှိနေပြီဖြစ်တဲ့ လက်တွေ့အသုံးချ IT ပညာရပ် Cloud Computing


    Click on the buttons to change the grid view.



    Gallery Image